။ မြရတနာစေတီတော် ။

။ ယခုမြင်လိုက်ရသည့် စေတီတော်မြတ်ဟာ တောင်ကလေးတောင်ထွဋ်မြတ်ပေါ်၌ တည်ထားသည့် မြရတနာစေတီတော်မြတ်ပါ။ မြရတနာစေတီတော်မြတ်ဟာ များသောအားဖြင့် မဖူးမြင်ကြရသူတွေ များကြပါတယ်။ ။ သမိုင်းပညာရှင်တွေက စေတီတော်မြတ်ဟာ မနောဟရခေါ် မနူဟာမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မုတ္တမမိဖုရားကြီးက တည်ထားတော်မူသည့်စေတီတော်မြတ်တစ်ဆူဖြစ်ပါတယ်။ စေတီတော်ကို မူလအစက ဂဝံကျောက်သားများနဲ့တည်ထားခဲ့ပါတယ်။ ။ မြရတနာစေတီတော်မြတ်ကို ဖူးမြော်ကန်တော့ကြသည့်သူတွေဟာ လိုရာဆုထူးတွေတောင်းကြလို့ ပြည့်ဝကြတဲ့သူတွေရှိပါတယ်။ ဒါက ယုံကြည်သူများပါ။ ။ ကိုယ်တွေ့ အနေနဲ့ဖူးမြော်ကန်တော့ကြည့်ပါ။ လိုရာဆုလည်းတောင်းကြည့်ပါဦး။ ဦးရွှေအောင် (ချီမင်းဒို)